Movie review score
5


Divergent (2014) - Movie Review
#ရုပ်ရှင်မိတ်ဆက်
ဒီနေ့ပဲ ကြည့်ခဲ့တာ၊ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Catching Fire, Harry Potter တို့လိုပဲ ၀တ္ထုကို ရိုက်ထားတာပါပဲ။ လူတွေရဲ့ စိတ်နေသဘောထား ကို ထင်သာမြင်သာရှိအောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားပါ။ မြန်မာပြည်မှာရုံတင်နေရင်သွား ကြည့်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကားက Divergent ဆိုတဲ့စာအုပ်ကို ပြန်ပြီးရုပ်ရှင်ရိုက်ထားတာဖြစ်ပါတယ်။ Twilight လို အညံ့စားမဟုတ်သလို၊ Catching Fire ပထမကား လို ကလေးတွေကြီးပဲလည်း မဟုတ်ပါဘူး။ Harry Potter လိုစိတ်ဝင်စားဖို့ကောင်း ပြီး၊ ဇာတ်လမ်း ကောင်းတာကြောင့် နောက်ထပ် ဇာတ်လမ်းတွဲတွေကိုတောင် စောင့်မျှော်နေကြပါတယ်။ ၀တ္ထုကနေ ပြန်ရိုက်တဲ့ ကားတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Lord of the Ring ကိုတော့ မမှီပေမယ့် တော်တော် ကောင်းတဲ့ကားလို့ပြောချင်ပါတယ်။

ဇာတ်လမ်းကောင်းကောင်း၊ Graphic ကောင်းကောင်းနဲ့ ရိုက်ကူးထားတာကိုတွေ့ရပြီး မင်းသားမင်းသမီးတွေကလည်း သရုပ်ဆောင် ကောင်းကြပါတယ်။  စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ပဲ၊ သာမန်ဇာတ်လမ်း ကို Sci-fi နဲ့ပေါင်းထားတာ လည်းဖြစ်လို့ ကြည့်လို့ကောင်းပါတယ်။

တစ်ခုပဲပြောစရာရှိတာက Character Building လို့ခေါ်တဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို ပရိတ်သတ် သိလာအောင် ဇာတ်လမ်း အရ မိတ်ဆက်ပေးတဲ့နေရာမှာ သာမန် အဆင့်လောက်ပဲရှိပြီး တစ်ချို့နေရာတွေမှာ တော်တော်လေးညံ့တာတွေ့ရ ပါတယ်။ ဗီလိန် ဖြစ်မယ့်သူကိုလည်း ဗီလိန်မှန်းသိသာအောင် အတင်းလုပ်ယူတာတွေ၊ မင်းသမီးက အနှိမ်ခံဘ၀ကနေ ကြိုးစားပြီး တိုးတက်လာ တယ်ဆိုတာကို အတင်းလုပ်ယူထားတာတွေက တော်တော်လေး ရုပ်ဆိုးပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် မှာ ဇာတ်လမ်းတင်ဆက်ပုံမကောင်းရင် ဇာတ်လမ်းဘယ်လောက်ကောင်းကောင်း ပရိတ်သတ် အားပေးမှုကို ထင်သလောက် မရတတ်ပါဘူး။

တင်ဆက်ပုံ တစ်ချို့လိုနေတာကလွဲရင် ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။ Sci-fi ပရိတ်သတ်အကြိုက် တွေ့စေမယ့်ကား ကောင်းတစ်ကားပါ။

မိသားစု တူတူကြည့်ရှုနိုင်ပါတယ်။

#Sololay

ဇာတ်လမ်းအကျဉ်းကတော့

ကမ္ဘာစစ်ကြီးဖြစ်အပြီးမှာ ကျန်ခဲ့တဲ့ မြို့တစ်မြို့ကို အခြေခံပြီးရိုက်ထားပါတယ်။ အဲ့ဒီမြို့ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က စစ်ဘေးလွတ်ခဲ့တဲ့သူတွေက တည်ထားခဲ့ပြီး၊ မြို့ကို ခြံစည်းရိုးကာထားပါတယ်။ မြို့ထဲမှာတော့ Abnegation (selfless), Amity (peaceful), Candor (truthful), Erudite (intelligent) and Dauntless (brave) ဆိုပြီး အုပ်စု တွေခွဲပြီး လူတွေကိုနေစေပါတယ်။  ဒီလို အုပ်စုတွေ ခွဲထားမှ တစ်ယောက်နဲ့တစ်ယောက်နဲ့ စစ်မဖြစ်ကြမှာလို့ ယူစကြပါတယ်။

Abnegation က အုပ်ချုပ်ရေးပိုင်းကိုတာဝန်ယူပြီး သူတို့အုပ်စုထဲက လူတွေက တစ်ကိုယ်ကောင်းမဆန် ကြပါဘူး၊ လူတွေကို ကူညီတယ်၊ သနားတတ်တယ်။

Amity ကတော့ လယ်သမားတွေ စိုက်ပျိုးရေးသမားတွေဖြစ်ပြီး၊ စားသောက်ကုန်တွေ ထုတ်ပေးရတယ် လို့ ယူဆရပါတယ်။ သူတို့ကတော့ အပျော်ရွှင်ဆုံး နဲ့ အပူအပင်ကင်းပါတယ်တဲ့။

Candor ကလူတွေကတော့ အမြဲတမ်းအမှန်စကားကိုပဲ ဆိုရပါတယ်။ သူတို့ကတော့ တရားစီရင်ရေး လုပ်တယ်လို့လည်း မှတ်ယူလို့ရပါတယ်။

Erudite ကတော့ သိပ္ပံညာရှင်တွေလို့ ဆိုလို့ရပါတယ်။

Dauntless ကတော့ ရဲ၊ စစ်သည်တွေဖြစ်ပြီး မြို့ကို ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး လုပ်တယ်လို့ ဆိုပါတယ်။

Divergent တွေကတော့ အုပ်စုတစ်စု တည်း မှာ မနေလိုသလို၊ အဲ့ဒီအုပ်စု က သတ်မှတ်သလို တစ်ခုတည်း ကိုပဲ မတွေးခေါ်တတ်ပါဘူး။ သူတို့က အရာအားလုံး ဖြစ်ချင်ကြတဲ့သူတွေပါ။ သတ္တိလည်းရှိချင်သလို၊ တကိုယ်ကောင်းလည်းမဆန်တတ်ပါဘူး။ သနားလည်းသနားတတ်သလို၊ ထက်လည်းထက်မြက်ကြပါတယ်။ အဲ့လိုလူတွေကို Divergent လို့ခေါ်ပါတယ်။


ရုပ်ရှင်မိတ်ဆက်ကို အောက်ပါလင်ခ်မှရယူပါတယ်။
http://hollywoodmoviesformyanmar.blogspot.com/2014/03/blog-post.html
ဇာတ်ကားနဲ့ စာတမ်းထိုးတစ်ပါတည်းတွဲပေးထားပါတယ်။ နှစ်နေရာကနေတင်ပေးထားတာမို့ အဆင်ပြေတဲ့နေရာက ယူကြပါ။


 http://adf.ly/r6Dvb

စာတမ်းထိုးပြီးသား ယူရတာအဆင်မပြေကြတဲ့သူတွေအတွက် စာတမ်းသီးသန့်
Movie သီးသန့် ဒေါင်းနိုင်အောင်လင်ခ်တွေ ထပ်တင်ပေးလိုက်ပါတယ်။
စာဖိုင်ဗားရှင်းက  Divergent 2014 RETAIL HDRip XviD AC3-EVO  ပါ
 
စာဖိုင်သက်သက်ကို Dropbox မှာဒေါင်းရန်

စာဖိုင်သက်သက်ကို Google Drive မှဒေါင်းရန်

ဗီဒီယိုဖိုင် 850M ဆိုဒ် နှင့် ဒေါင်းရန် (uploading Site 7 နေရာမှာတင်ထားသဖြင့်ကြိုက်ရာမှဒေါင်းပါ)

ဗီဒီယိုဖိုင် 2.1G ဆိုဒ် နှင့် ဒေါင်းရန် (uploading Site 7 ခု ရှိသဖြင့်ကြိုက်ရာမှဒေါင်းပါ)

 စာဖိုင်တွေကို ဘလော့မှာပြန်တင်လိုသူများ ကျွန်တော် တို့ တင်ပေးသော adfly Link ကိုပါပြန်ရှယ်ပေးပါရန်
မေတ္တာရပ်ခံပါတယ်။

Leave a Reply