Movie review score
5
Dimensions:720x480
Size: 1.12 GB
Size: 1.12 GB
ဗီဒီယို ဒေါင်းရန် အောက်ပါလင်ခ်ကိုနှိပ်ပါ။
ဒေါင်းလုတ် မလုပ်တတ်သူများ CLICK HERE
ကျေးဇူးတင်ပါတယ်။
Movie Review ကတော့ ကိုဝေဟံ ရေးထားတာပါ။
'ကိုယ်တို့ကြယ်တွေဆီက အမှားတွေ"
ကျွန်မနာမည်က ဟေဇယ်ဂရေစ့် လန်ကတ်စတာ ပါ။ အောဂတ်စ်စတပ်စ်ဆိုတာ ကြယ်ကမ္ဘာတစ်ဘက်ခြားက ကျွန်မဘ၀ရဲ့ ချစ်သူ။ ကျွန်မတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက တကယ့်ကို ထိပ်တန်းအချစ်ဇာတ်လမ်းပါပဲ..။ ကျွန်မ မျက်ရည်မကျပဲနဲ့ ဒီထက် ထပ်ပြောနိုင်တော့မယ်လို့ မထင်မိဘူး။တစ်ခြား တကယ့် အချစ်ဇာတ်လမ်း အားလုံးလိုပဲ..ကျွန်မတို့ ဇာတ်လမ်းကလေးဟာလဲ ကျွန်မတို့နဲ့ အတူသေဆုံးခဲ့ပါတယ်။ ဖြစ်သင့်တဲ့အတိုင်း။
ရှင်တို့သိလား..ကျွန်မက သူ ကျွန်မကို ကောင်းချီးပေးမယ်လို့ မျှော်လင့်ထားခဲ့တာ။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်းမှာ..ဘယ်သူမှ..
ဟင့်အင်း။
ကျွန်မတို့ အချစ်ဇာတ်လမ်းကို မပြောတော့ ပါဘူး။ ကျွန်မ မပြောနိုင်တော့ဘူး
ဒီတော့ အဲ့ဒီအစား ကျွန်မ သချာင်္အကြောင်းပြောမယ်။ ကျွန်မက သချာင်္ဗေဒပညာရှင်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မသိတာ ရှိတယ်။ သုညနဲ့ တစ်ကြားမှာ အသင်္ချေ နံပါတ်တွေ ရှိတယ်ဆိုတာပါပဲ။ ပွိုင့်တစ် ပွိုင့် တစ် နှစ် ပြီးတော့ ပွိုင့် တစ် တစ် နှစ် ပြီးတော့ တစ်ခြား အသင်္ချေ အနန္တ အများကြီးပါ။
ဒါပေါ့ ဒီထက် ကြီးမားတဲ့ အသင်္ချေတွေလဲ ရှိကြဦးမှာပါ။ ကျွန်မတို့ ကြိုက်ခဲ့တဲ့ စာရေးဆရာ တစ်ယောက်က ပြောသွားတာရှိတယ်။ ရှင်သိလား.. ကျွန်မရနိုင်တာထက် နံပါတ်ကလေးတွေ ထပ်တိုးရချင်သေးတယ်..ပြီးတော့..
ကျွန်မ အောဂတ်စ်စတပ်စ်ဝါတာ ရနိုင်တဲ့ နေ့ကလေးတွေထက် ပို ထပ်လိုချင်မိသေးတယ်။
ဒါပေမယ့် ဂတ်စ်
ငါတို့ရဲ့ အသင်္ချေ နည်းနည်းလေးအတွက် ဘယ်လောက်ကျေးဇူးတင်ရတယ်ဆိုတာ ငါနင့်ကိုမပြောနိုင်ဘူး။
နေပါဦး။ နင် ငါ့ကို အကန့်အသတ်ရှိတဲ့ ရက်ကလေးတွေအတွင်းမှာ ထာဝရကိုပေးသွားတာ။ ပြီးတော့ အဲ့ဒီအတွက် ငါကလဲ နင့်ကို အဆုံးမဲ့ ကျေးဇူးတင်နေမှာပါ။
ငါနင့်ကိုအရမ်းချစ်တယ်..။
(ဟေဇယ်ဂရေစ့် လန်ကတ်စတာ)
မစ္စတာ ဗန်ဟူစတန် ကျွန်တော်က လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့် စာရေးမကောင်းဘူး။
ခင်ဗျားကတော့ မကောင်းတဲ့လူတစ်ယောက် ဒါပေမယ့် စာရေးကောင်းတယ်။
ဒီတော့ ကျွန်တော်တို့က အဖွဲ့ကောင်းတစ်ဖွဲ့ဖြစ်မှာပါ။
ကျွန်တော် ခင်ဗျားကို အကူအညီမတောင်းချင်ဘူး။ ဒါပေမယ့် ခင်ဗျားမှာ အချိန်ရှိမယ်ဆိုရင် (ပြီးတော့ ကျွန်တော် တွေ့သလောက် ခင်ဗျားအားနေပါတယ်) ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဒါလေးကိုပြုပြင်ပေးပါ။
ဒါ ကျွန်တော့်ရဲ့ ဟေဇယ့်အတွက် ထောပနာစကားဖြစ်ပါတယ်။ သူ ကျွန်တော့်ကိုရေးခိုင်းခဲ့တယ် ကျွန်တော်လဲ ကြိုးစားနေတယ်။ ဒါပေမယ့် အစွမ်းအစလေးတော့ လိုမလားလို့။ ကျွန်တော်တို့ အားလုံးက သတိရကျန်ခဲ့မှာကို လိုချင်ကြတယ်။ ဟေဇယ်ကတော့ မတူဘူး။ သူ အမှန်တရားကိုသိတယ်။ သူ သန်းနဲ့ချီတဲ့ မြတ်နိုးသူတွေ မလိုအပ်ဘူး။ တစ်ယောက်ပဲ လိုအပ်တယ်။ သူ့မှာလဲ ရှိပါတယ်။ သူက ကျယ်ကျယ်ပြန့်ပြန့် အချစ်မခံခဲ့ရရင်တောင် နက်နက်ရှိုင်းရှိုင်း အချစ်ခံခဲ့ရတယ်။ အဲ့ဒါ ကျွန်တော်တို့ အတော်များများ ရနိုင်တာထက်ပိုများတယ် မဟုတ်လား။
ဟေဇယ် ရောဂါသည်းထန်နေချိန်မှာ ကျွန်တော် သေရတော့မယ်ဆိုတာ သိခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မပြောချင်ခဲ့ဘူး။သူ အသည်းအသန်လူနာဆောင်မှာ ရှိနေတုန်း ကျွန်တော်ခိုးဝင်ပြီး ဆယ်မိနစ်လောက်ထိုင်နေခဲ့တယ်။
သူ့မျက်လုံးလေးတွေ ပိတ်ထားတယ်။ သူ့အသားရောင် ဖျော့တော့နေတယ်။ ဒါပေမယ့် သူ့လက်ကလေးတွေက သူ့လက်ကလေးတွေပဲ။ နွေးထွေးနေတုန်း ။ သူလက်သည်းလေးတွေကို အပြာရင့်ရောင် မှောင်မှောင်ဆိုးထားတယ်။ ကျွန်တော် အဲ့ဒီလက်ကလေးတွေ ကိုင်ထားခဲ့တယ်။
ပြီးတော့ ကျွန်တော်တို့ မရှိတော့မယ့် ကမ္ဘာကို ပုံဖော်ကြည့်မိတယ်။
ဘယ်လောက် အဓိပ္ပါယ်မဲ့သွားတော့မယ့် လောကကြီးလဲ။
သူ သိပ်လှတာပဲ..။ သူ့ကိုကြည့်ပြီး ငြီးငွေ့ရတယ်ဆိုတာ မရှိဘူး။ သူ့ကိုယ့်ထက်တော်ပါမလားလို့ စိုးရိမ်စရာလဲ မလိုဘူး။ သူတော်တယ်ဆိုတာ ကိုယ်သိပြီးသားလေ။
သူက တစ်ဖက်သားကို မနှိမ်ချပဲ ရယ်စရာကောင်းအောင် ပြောတတ်တယ်။
ကျွန်တော် သူ့ကိုချစ်တယ်။
ဘုရားရေ ကျွန်တော် သူ့ကိုချစ်တယ်။
ကျွန်တော် သူ့ကို ချစ်ရတာ သိပ်ကံကောင်းတာပဲ ဗန်ဟူစတန်။
လောကကြီးမှာ ကိုယ်နာကျင်ရမလား မနာကျင်ရဘူးလား ရွေးချယ်ခွင့်မရှိဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်နာကျင်အောင်လုပ်နိုင်ခွင့်ရမယ့်သူ ဘယ်သူဆိုတာ စေစားနိုင်ခွင့်ရှိပါတယ်။
ကျွန်တော့်ရွေးချယ်မှုကို ကျွန်တော်ကျေနပ်တယ်။
သူလဲ သူ့ရွေးချယ်မှုကို ကျေနပ်ပါစေ..။
(အောဂတ်စ်စတပ်စ်)

မြန်မာစာဖိုင် သတ်သတ် တင်ပေးပါလားခင်ဗျ ~~
ကျေးဇူးတင်ပါတရ် ~~
မြန်မာစာဖိုင် သတ်သတ်ခွဲပြီးတင်ပေးပါဦး ~~
တောင်းဆိုတာပါ ခင်ဗျ ~~
ကျေးဇူး လည်းအရမ်း တင်ပါတယ် ~~