Movie review score
5

ဒီဇာတ်ကားလေးကတော့ နာမည်ကျော်မင်းသား အမီတာဘဂျမ်း
ပါဝင် သရုပ်ဆောင်ထားပြီး IMDB5.3ရထားတဲ့ကားကောင်းလေးပါ
ဇာတ်လမ်းအဖွင့်မှာတော့ အကြမ်းဖက်သမားတစ်စုကြောင့်
ဈေးတစ်ခု အတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့
အစပျိုး ထားပါတယ်/ ထိုအခါ အေစီပီ ကာရန်မန်နိုသရားက
အကြမ်းဖက်တိုက်ခိုက်မှုအား နှစ်လအတွင်းဖော်ထုတ် သုတ်သင်မည်ဖြစ်ကြောင်း မီဒီယာမှ တစ်ဆင့် စိန်ခေါ်ခဲ့သည်။
အကြမ်းဖက်ခေါင်းဆောင် ကလည်းေ အပီစီ မန်နိုအား သတ်ရန် အမျိုးမျိုး ကြိုးစားခဲ့ရာ မအောင်မြင်သောကြောင့် နာမည်ကြီးသေနတ်ပစ်သမားအား ခေါ်ယူခဲ့သည်။ ထိုသူမှာ ဗစ်ဂျူး (အမီတာဘဂျမ်း)ဖြစ်၍ သေနတ်ပစ် လက်ဖြောင့်သမားအဖြစ် ကျော်ကြားသူဖြစ်သည်။ သူ၏ စကားအရ ကျည်ဆန်တစ်တောင့် လူတစ်ယောက်အား ထွင်းဖောက်လျှင်  ထိုကျည်ဆန်ပေါက်နေရာ ကိုနောက်ကျည်ဆန်တစ်တောင့် ထပ်ဝင်အောင် ပစ်နိုင်သူမှာ ဗစ်ဂျူး ပင်ဖြစ်သည်ဟု ကြွေးကြော်ခဲ့သူဖြစ်၏။ ဗစ်ဂျူးမှာ ရုပ်ရည်သင့်သူ ဖြစ်သူဖြစ်၍ သူ့၏ ရည်းစားဟောင်းများမှာလည်း တစ်ဦးထက် ပိုများခဲ့သည်။ အခုချိန်၌ ဗစ်ဂျူး၏ တာဝန်မှာ အေစီပီ မန်နိုအားသတ်ရန် ဖြစ်လေရာ နည်းအမျိုးမျိုးထုတ်၍ စိန်ခေါ်ခန်း ဖွင့်ခဲ့သည်။ တစ်နေ့၌ ဘုရားပွဲသို့ အေပီစီ မန်နိုနှင့် သူ့အမေလာရောက်ရာ 
မည်သို့သော မထင်မှတ်မှုမျိုးနှင့် တွေ့ကြုံရမည်နည်း ဟု ရင်ဖိုဖိုနှင့် အားပေးကြည့်ရှုရမှာပါ
ဇာတ်ကားလေးမှာတော့ ဗစ်ဂျူးတစ်ယောက်ရော
အေစီပီကို သတ်နိုင်ခဲ့မည်လော မထင်မှတ်သော လှည့်ကွက်တွေနဲ့
အေစီပီ မန်နိုတစ်ယောက် မည်သို့ကြုံတွေ့ရမည်လော
ဗစ်ဂျူးနဲ့ အကြမ်းဖက်ခေါင်းဆောင် တို့ရဲ့ ရှေ့ဆက် ဆက်ဆံရေးကိုလည်း
မည်သို့ တွေ့ရမည်လော / အတိတ်ရဲ့ ဆက်စပ်တို့မှုနဲ့
ပစ္စုပ္ပန်တို့ပါ သက်ရောက်ခဲ့သည့် ဤဇာတ်ကားတွင်
လှည့်ကွက်ဆန်ဆန် အငိုက်မိမယ့် ဇာတ်ဝင်ခန်းတွေ ပါခဲ့တယ်
ဒီဇာတ်ကားမှာ မင်းသမီးတန်ညာနဲ့ အေစီပီ မန်နို တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းလည်းချန်မထားခဲ့ပါဘူး
မည်သို့ပင်ဆိုစေ အက်ရှင် / အချစ် / မေတ္တာ တို့
ကူးလူးယှက်နွှယ်သော ဤဇာတ်ကားလေးကိုကြည့်ုပြီးရင်တော့
တစ်ခုခုသော ရသကိုတော့ ပိုင်ဆိုင်ခဲ့မှာပါ

****** Review ရေးသူ Tear Cry ဖြစ်ပါတယ်။*********

 ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
Download Video and Watch From pCloud
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။  

Leave a Reply