Movie review score
5
တောင်ပိုင်းဌာနက ရဲအရာရှိ ၀ူယင်ရှောင်းဟာ ဘိုးအင်း ၇၇၇ လေယာဉ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပြီးတဲ့နောက်
ဆိပ်ကမ်းမြို့မှာ အားလုံးက သူရဲကောင်းလို့ သတ်မှတ်ထားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီငြိမ်းချမ်းရေးဟာ ယာယီပဲဖြစ်ခဲ့တယ်။
တစ်မြို့လုံးမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ နာရီပိုင်းအတွက်း ဆက်တိုက်ဖြစ်လာခဲ့ချိန်မှာတော့ ဒါဟာ စေ့စပ်သိုသိပ်တဲ့
ပူးပေါင်းကြံစည်မှုတစ်ခုရဲ့ အစသက်သက်ပါ။
အမှန်တရားဘက်ကရပ်တည်ပြီး စိတ်လိုက်မာန်ပါတတ်တဲ့ ၀ူဟာ အရည်အချင်းရှိသလိုမာနလဲကြီးတဲ့ ချန်ဇန်းနဲ့ အတူ ဗုံးခွဲတိုက်ခိုက်မှုတွေကိုစုံစမ်းပါတော့တယ်။ စုံစမ်းနေစဉ်ကာလမှာပဲ သူတို့ရှာတွေ့တဲ့ သဲလွန်စတွေဟာ အဝေးပြေးလမ်းပေါ်က ပြန်ပေးဆွဲမှုတစ်ခုနဲ့ ဆက်စပ်နေတာ သိခဲ့ရတယ်။အဆိုးဆုံးကတော့ နောက်ထပ် အသေခံဗုံးခွဲသမားဟာ တစ်ချိန်က ၀ူကို လေယာဉ်အကြမ်းဖက်ကိစ္စမှာ ဖြေရှင်းဖို့ ကူညီပေးခဲ့ပြီး ၀ူ့ရဲ့ အကူအညီနဲ့ သေဆုံးမှုကို အတုဖန်တီးပြီး သူ့ရည်းစားနဲ့ ထွက်ပြေး
လွတ်မြောက်သွားခဲ့တဲ့ ဇူဒါဖူ ဖြစ်ပါတယ်။
အဲ့ဒီမှာ ၀ူနဲ့ချန်းနှစ်ယောက်ထပ်သိလိုက်ရတာက လက်ရှိကြုံနေရတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ
အကြီးအကျယ်ဖျက်ဆီးပြမယ့် လုပ်ရပ်အတွက် ရှေ့ပြေးသက်သက်ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။
ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့က စရိုက်လက္ခဏာချင်းလဲ ကွာခြား စိတ်ဝမ်းကွဲနေတဲ့
သူတို့နှစ်ယောက်ပါပဲ..။
ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။