Movie review score
5
ရိုးသားတဲ့ ဘုရားကျောင်းနေ တရားဟောဆရာ တစ်ဦးဟာ သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ်ကြုံခဲ့ရတဲ့ လူသတ်မှုတစ်ခုမှာ သူတို့ရွာရဲ့ သြဇာကြီးမားတဲ့မြေပိုင်ရှင်သူဌေးကို ဆန့်ကျင်ထွက်ဆိုပေးရမယ့် အခြေအနေဆိုက်လာခဲ့တယ်။ မြေရှင်သူဌေးဟာ ငွေပေးပြီး သူ့လွတ်မြောက်ခွင့်အတွက် ကြိုးစားခဲ့ရုံတင်မကပဲ တရားဟောဆရာ တစ်သက်လုံးတည်ဆောက်ခဲ့တဲ့ ရိုးသားမှုဂုဏ်ကိုပါ သူ့နောက်လိုက် တပည့်တွေကြား ရစရာမရှိအောင် ဖျက်ဆီးနင်းချေပစ်ခဲ့တယ်။ အဲ့ဒီမှာရင်ဆိုင်ရတဲ့ အရှက်တရားနဲ့ သိက္ခာကျိုးပျက်မှုကို မခံနိုင်တော့တဲ့ တရားဟောဆရာဟာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး ဇနီးနဲ့ သားကို ယုတ်မာတဲ့ မြေပိုင်ရှင်သူဌေးရှေ့မှာ ချန်ထားရစ်ခဲ့တယ်။ သူ့သားဟာ ရွာကလေးက ထွက် မွမ်ဘိုင်းကိုရောက်သွားခဲ့ရာက နှစ်တစ်ချို့ကြာတဲ့အခါ သူ့မိသားစု ရခဲ့တဲ့ ဒုက္ခဒဏ်ရာတွေအတွက် ကလဲ့စားချေဖို့ ပြန်ရောက်လာခဲ့တဲ့ဇာတ်လမ်း ဇာတ်ကြမ်း
ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။