Movie review score
5
မိန်းသစ်တောနက်ကြီးရဲ့ နက်ရှိုင်းတဲ့ ရေကန်အောက်မှာ ဘာရှိနေပါသလဲ။ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသေချာခဲ့ကြပါဘူး။ ဒါပေမယ့် ကမ်းခြေတစ်ဝိုက်မှာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အလောင်းတစ်ချို့ လာတင်နေခဲ့တဲ့နောက်မှာ ဒေသခံ သဘာဝ တိရိစ္ဆာန်တောရိုင်းကြီးကြပ်ကွပ်ကဲသူ ဂျက်ခ်ဝဲလ်ဟာ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့နဲ့ ဒီကိစ္စကိုတွဲဖက်စုံစမ်းခဲ့ပါတယ်။
အဲ့ဒါတွေအတွက် တစ်ခုတည်းသော သဲလွန်စက ကြီးမားတဲ့သွားတစ်ချောင်းကို အမှီပြုပြီး သမိုင်းမတင်မှီခေတ်တိရိစ္ဆာန်တစ်မျိုး ကြီးမားတဲ့မိကျောင်းတစ်ကောင်လို့ ယူဆရုံသာ သိခဲ့ရတယ်။ ကယ်လီဟာ ရုံးတွင်းဆိုင်ရာ လုပ်ငန်းတွေသာ အလုပ်များသူ ဖြစ်ပြီး ပြင်ပ အလုပ်တွေကို မုန်းတီးသူ သူ့ ရည်းစားဟောင်းတစ်ယောက်နဲ့လဲ လက်တလော ပြတ်စဲထားပြီး အသည်းကွဲလက်စဖြစ်ပါတယ်။ ဂျက်ခ်က ဒီကိစ္စကို ကယ်လီ အကူအညီမပါပဲနဲ့ ဖြေရှင်းနိုင်ခဲ့ပြီး သူတို့တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပိုလာခဲ့တယ်။ အဲ့ဒီအချိန်မှာ ဂျက်ခ်နဲ့ ကယ်လီဟာ ရဲမှူးဟန့်ခ်ကော့နဲ့လဲ ဆုံခဲ့ရပါတယ်။ သူကတော့ ဒီအမျိုးအမည်မသိ သတ္တ၀ါကြီးကို ရှာဖွေနှိမ်နှင်းချင်သူဖြစ်ပါတယ်။ သူနဲ့အတူပါဝင် နှိမ်နင်းမယ့်သူတွေကတော့ ဒီသတ္တ၀ါကို ဖမ်းဆီးလေ့လာချင်တဲ့ ဒဏ္ဍာရီကျွမ်းကျင်သူ ဟက်တာ ဆာ နဲ့ ဒီသတ္တ၀ါကြီးကြောင့် တိရိစ္ဆာန်အုပ်တွေ နဲ့အတူ ခင်ပွန်းပါပျောက်ဆုံးခဲ့တဲ့ ခပ်ကြောင်ကြောင် အဘွားကြီး မစ္စက် ဘစ်ကာမန်းတို့ဖြစ်ပါတယ်။ ဒီကားဟာ သဲထိတ်ရင်ဖို ဟာသနဲ့ ကြည်နူးဖွယ်ရသတို့ကို မျှတစွာပေါင်းစပ်ထားတာဖြစ်ပါတယ်။
ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်

IMDB - 5.6
Director:
Steve MinerWriter:
David E. Kelleyဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။