Movie review score
5
ရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲတွေရဲ့ ဒုတိယ ဇာတ်ကား မှာတော့ ဒရက်ဘလင်ကို အိမ်ဖြူတော် ညစာ စားပွဲမှာ ဧည့်သည်တစ်ဦး အဖြစ်မြင်တွေ ရမှာဖြစ်ပါတယ်။ သူ့ရဲ့ တစ်ရာမြောက် မူးယစ်ဆေးရောင်းသူ ကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ဆုလက်ခံဖို့ သူရောက်နေတာပါ။ ဒရက်ဘလင်ကတော့ သူ ၉၉၈ ယောက်ကိုပဲ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ နှစ်ယောက်ကိုတော့ သူကားနဲ့တိုက်မိခဲ့တာ ဖြစ်ကြောင်းပြောပါတယ်။ ( ကံကောင်းစွာပဲ အဲ့ဒီနှစ်ယောက်ကလဲ မူးယစ်ဆေးရောင်းဝယ် သူတွေဖြစ်နေခဲ့တယ်)။ အဲ့ဒီလိုပဲ အိမ်ဖြူတော်ကိုရောက်နေတဲ့ နောက်တစ်ယောက် ကတော့ စွမ်းအင်အင်ပါယာရှင် ဒေါက်တာ အယ်လ်ဘတ် အက်စ် မိန်ဟိန်မာပါ။ သူ့ကိုတော့ သမ္မတ ဂျော့ဘုရှ်က နိုင်ငံတော်ဆိုင်ရာ စွမ်းအင်မူဝါဒအသစ်စတင်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ မိန်ဟိန်မာက မူကွဲ စွမ်းအင်ရင်းမြစ်တွေ ကို မြှင့်တင်ခြင်းမှာယုံကြည်သူဖြစ်တာနဲ့ အညီ အဆိပ်သင့်စွမ်းအင် လုပ်ငန်းရှင်( ကျောက်မီးသွေး ဆီနဲ့ နျူကလီးယားစွမ်းအင် ပြီးတော့ လော်ဘီအုပ်စုတွေဆီက ဆေးလိပ်ငွေ့ ဖိတ်စင်မှု ကာဘုန်း)တွေဟာ ဘုရှ်ရဲ့ရွေးချယ်မှုကို ထိတ်လန့်နေခဲ့ကြပါတယ်။ သူတို့အားလုံးဟာ အဓိကဗီလိန် ကွင်တင်ဟက်စ် ဘာ့ခ်ျနဲ့ ပူးပေါင်းပြီးတော့ တကယ့် မိန်ဟိန်မာ အစစ်ကို ပြန်ပေးဆွဲဖို့စီစဉ်ရင်း မိန်ဟိန်မားအတုကို သူ့နေရာမှာအစားထိုး စွမ်းအင် မူဝါဒအသစ်ကို ရုတ်သိမ်းဖို့ကြိုးစားကြပါတယ်။ သူ့ရည်းစားဟောင်း ဂျိန်းနဲ့ တွေ့ဆုံမိချိန်မှာ (ဂျိန်းဟာ မိန်ဟိန်မာရဲ့ ဆက်ဆံရေးကိုယ်စားလှယ်ဖြစ်ရုံတင်မကပဲ ဟက်စ်ဘာ့ခ်ျရဲ့ လက်ရှိချစ်သူလဲဖြစ်နေသေးတယ်) ဒီကိစ္စမှာ ဒရက်ဘလင်ဟာထဲထဲဝင်ဝင်ပါဝင်ပတ်သက်မိပါတော့တယ်။
ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။