Movie review score
5
Action | Fantasy | Mystery
စုံထောက် ဂျိုးမီလာဟာ အပေါင်ဆိုင်တစ်ခုမှာ
မီးလောင်ကျွမ်းသေဆုံးနေတဲ့ လူနှစ်ယောက်အမှုနဲ့
ကြုံဆုံခဲ့ရပါတယ်။ အဲ့ဒီအမှုမှာ ဆန်းကြယ်တဲ့ သော့တစ်ချောင်းပါဝင်ပတ်သက်နေပြီး အပေးအယူတစ်ခု တစ်လွဲဖြစ်ရာက အခုလိုအဖြစ်ဆိုးတိုးခဲ့ရတဲ့ပုံပါပဲ။ သော့ သူ့လက်ထဲရောက်ပြီးတဲ့ နောက်ပိုင်းမှာ ဂျိုးသိလိုက်ရတာက လျှို့ဝှက်မိုတယ်ခန်းတစ်ခုရယ် အခုလို သဘာဝလွန်စွမ်းအားရှိတဲ့ ပစ္စည်းတွေ ရာနဲ့ချီ
ရှိနေသေးတယ် ဆိုတာပါပဲ။
သူ့လက်ထဲကသော့ရဲ့ အစွမ်းကတော့ ဘယ်လိုတံခါးမျိုးကိုမဆို ပွင့်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီအကြောင်းကိုလဲ သူ့သမီးလေး အန်နာ့ကို ပြထားမိခဲ့တယ်။ ဘယ်တံခါးကိုပဲ ဖွင့်လိုက်ဖွင့်လိုက် မိုတယ်ခန်းတစ်ခုထဲကိုပဲ ရောက်သွားတတ်ပြီး အဲ့ဒီမိုတယ် ခန်းကနေပြီး အပြင်ကိုထွက်ရင်တော့ တစ်ခြားနေရာဒေသတစ်ခုကို ရောက်သွားတတ်ပါတယ်။ အဲ့ဒါကြောင့် သူလိုက်နေတဲ့သူဟာ ခြေရာခံဖို့ခက်ခဲလွန်းတာဖြစ်နေခဲ့ပါတယ်။ တစ်နေ့ အန်နာ့လက်ထဲသော့ရှိနေတဲ့အချိန်မှာ လူတစ်ယောက်က အန်နာ့ကို ဘောပင်တစ်ချောင်းနဲ့ ခြိမ်းခြောက်ခဲ့တယ်။ အဲ့ဒီဘောပင်ဟာ သူ့ကို မီးလောင်ကျွမ်းသွားစေနိုင်တဲ့အစွမ်းရှိပါတယ်။ အဲ့ဒီလို အခြေအနေမှာ အန်နာ တံခါးကိုသော့ဖွင့်ပြီး ၀င်ပြေး
အသွား ဂျိုးက အမှီလိုက်ပြီးကယ်ပေမယ့် တံခါးပြန်ဖွင့်တဲ့ အချိန်မှာ အန်နာ မရှိတော့ပါဘူး။
သူနဂိုက လက်လှမ်းမမှီနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ပစ္စည်းတွေ အဲ့ဒါတွေကိုလိုချင်လို့
အသေအလဲလိုက်ရှာနေတဲ့လူတွေ ရှုပ်ထွေးလှတဲ့ဒီပဟေဠိတွေကြားမှာ
သူ့သမီးလေးကို ပြန်ကယ်ဖို့ ဂျိုး ကြိုးစားရပါတော့မယ်။

ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက်
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
ကျေးဇူးတင်ပါတယ်။