Movie review score
5

အလွတ်စုံထောက် ဂျက်ဆီဗဲဟာ  ဝေးလံတဲ့ အိမ်တစ်လုံးမှာ အလောင်းနှစ်လောင်းရှာတွေ့ခဲ့ပါတယ်။ အလောင်းတစ်လောင်းဟာ ကိုယ်လက်
အင်္ဂါချွတ်ယွင်းနေပြီး ထုံးတမ်းဓလေ့သတ်ဖြတ်မှုမျိုးလို့ထင်ရပါတယ်။
တစ်နှစ်အကြာမှာတော့ ဗဲကို ဒီအမှုလိုက်ဖို့အတွက် ငှားရမ်းခံခဲ့ရပါတယ်။ အဲ့ဒီမှာပဲ ကောလဟာလဟောင်းတစ်ခုဟာ အမှန်လိုအတည်ပြုနိုင်တဲ့ သဲလွန်စတွေကို သူရှာတွေ့ခဲ့ပါတယ်။ ဖင်လန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမြေအောက်လောကကို လျှို့ဝှက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ငြိမ်ဝပ်ပိပြားရေးမှူး အမည်ခံလူတစ်ယောက်က ဦးဆောင်ပါတယ်။ သူ့ကို ဘယ်သူမှ မသိသလို ဘယ်သူကမှလဲ သူ့အကြောင်းပြောခွင့်မရှိပါဘူး။ ဒီလိုနဲ့ ဗဲဟာ
 ကောင်စီ အဖွဲ့နဲ့ အန္တရာယ်ရှိတဲ့ အနေ
အထားရောက်အောင် နီးကပ်လာခဲ့ပါတယ်။ ကောင်စီဟာ ငြိမ်ဝပ်ပိပြားရေးမှူးရဲ့ အကြီးတန်းအရာရှိတွေ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့မှာ လူ့အသက်ဆိုတာ တန်ဖိုးမရှိပါဘူး
သူ့စုံစမ်းစစ်ဆေးမှု ဆက်သွားနေရင်း ဗဲ အမှန်တရားနဲ့ နီးကပ်လာချိန်မှာတော့ သူကိုယ်တိုင်ပစ်မှတ်ထားခံရပါတော့တယ်။ ဒါပေမယ့် မသက်ဆိုင်တဲ့လူတစ်ယောက် သေသွားတဲ့နောက် ဗဲဟာ မြေပုံမရှိတဲ့မီးခိုးရောင်ဧရိယာထဲ တရားမှုနဲ့ မတရားမှုကြားက ကွာခြားမှုနည်းပါးတဲ့နေရာကို ခြေလှမ်းတိုးပြီးတော့ စုံစမ်း
ချိန်မှာ ငြိမ်ဝပ်ပိပြားရေးမှူးဆိုတာ ဘယ်သူလဲ သူဖော်ထုတ်နိုင်ခဲ့တယ်။
ဒါပေမယ့် ဥပဒေဆိုင်ရာ တရားရုံးမှာ သူ့ပြစ်မှုတွေကို ရင်ဆိုင်ရပါ့မလား။ မကောင်းတဲ့လုပ်ရပ်တွေအတွက် ပြစ်ဒဏ်ပေးခံရပါ့မလား ဆိုတာကတော့ ..

Download Video and Watch From pCloud (Mobile)
ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။  

Leave a Reply